Tuesday 19 March 2013

မျက်ရည်နှစ်ပွင့်



သိပ်သတိရစွာစာရေးလိုက်ပါတယ်
ကိုယ်နေမကောင်းဘူး ၀မ်းနည်းမိတယ်
အနားမှာ မင်းရှိနေရင် သိပ်ကောင်းမှာ
ပြတင်းဝ က အပြင်ကိုငေးမိတော့
မြစ်ဟာ သက်ရှိလိုစီးဆင်းသွားတယ်
ငါတို့လည်း ကမ်းပါး နဲ့ မြစ် လို
နောက်ဆုတ်လို့မရတော့တဲ့အနေအထားဘ
ပြောင်းလဲ ဝေးကွာမူ့ ဝေဒနာနဲ့ ခရီးပြင်းနှင်ဆဲမဟုတ်လား။
သစ်ပင်တွေကြီးလာပြီး
တို့မျှော်လင့်ချက်တွေ သေးငယ်သွားစေတဲ့ အချိန်ကာလ
နေ၀င်ရိုးရီဟာ လွမ်းဖွယ်လှပခဲ့ပုံများ။
နှတ်ခမ်းနီတွေတအားမဆိုးပါနဲ့
ကိုယ်အကြောင်းတွေ တွေးပြီး မဆွေးပါနဲ့
ပတ်ဝန်းကျင်နဲ့ အဆင်မပြေရင်
ပန်းကလေးတွေနဲ့ နေထိုင်ပါ
သီချင်းတွေကြည့်ရင်းအပန်းဖြေပါ
ကိုယ်တို့ဘ၀ တစုံကြား
ရွာတဲ့ မိုးက သည်းခဲ့တယ်
ဝေတဲ့ နှင်းက မြဲခဲ့တယ်
ဒါကြောင့်ပဲ သိပ်သတိရမိတယ်
ဒါကြောင့်ပဲ ဒီစာရေးမိတယ်
ဒါကြောင့်ပဲဒီစာပို့မိတယ်
မင်းဖတ်ရမဲ့ နေ့ရက်ထဲ
ဒီစာရွက်ပေါ် မျက်ရည်နှစ်စက်ဆုံကြမယ်။ 



ဝိုင်ချို

No comments:

Post a Comment