Sunday 17 March 2013

သူငယ်ချင်း



တစ်ယောက်ပခုံး
တစ်ယောက်ဖက်လို့
ကျောင်းတော်ကြီးအရိပ်
ခိုနားဖူးတယ်.....။
တစ်ယောက်လက်ကို
တစ်ယောက်တွဲလို့
လောကကြီးအကြောင်း
သင်ယူခဲ့တယ်.....။
တစ်ယောက်ပြသနာကို
တစ်ယောက်ဝိုင်းဖြေရှင်းလို့
ဘဝအမောတွေကို
ဟားတိုက်ခဲ့တယ်.....။
တစ်ယောက်ရဲ့ခံစားချက်ကို
တစ်ယောက်က မျှဝေခံစားရင်း
အချစ်အကြောင်းတွေ
ပြောခဲ့ဖူးတယ်.....။

အခုတော့
မင်းရဲ့သတင်းက
အဝေးရောက် ငါ့ရင်ကို ငိုကြွေးစေတယ်.....။

ငြိမ်းချမ်းစွာ အိပ်စက်အနားယူတော့
သူငယ်ချင်း ..........။ 


သုည

No comments:

Post a Comment