Tuesday 19 March 2013

ရည်းစားစာ


စာရွက်ပေါ်မှာပဲ နင့်ကို ချစ်ရုံနဲ့တော့
ငါ့ဘ၀ မင်ကုန်တာပဲ အဖတ်တင်လိမ့်မယ်
မပျံသန်းနိုင်တဲ့ ငှက်လို့ပြောတိုင်း
ပင်ဂွင်းငှက်ကို ပြေးမြင်ရင်
နင့်ကိုငါ မခေါ်ချင်ဘူး


ကျောင်းအုပ်ကြီးဖတ်ဖို့ ရေးတဲ့စာ
မဟုတ်လို့
ကျောင်းသွားဖော်လေး ဖတ်စေချင်တာ
ငါ့စေတနာပါ။


နင့်နှလုံးသားကို နင်ဖုန်းခေါ်ပါ
ပြီးမှ ငါ့ကိုစာပြန်ပါ။ 



တာရာမင်းဝေ

No comments:

Post a Comment